ASPGB ၏ ရှယ်ယာတစ်စောင် အခြေခံဈေးနှုန်း ကျပ် ၁၀,၀၀၀ သတ်မှတ်
----------------------------------

ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board ) မှာ အသစ်ဝင်ရောက်လာတဲ့ ဂျီဘီအက်စ် လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ ( ASPGB ) ရဲ့ ရှယ်ယာတစ်စောင် အခြေခံဈေးနှုန်းကို ကျပ် ၁၀,၀၀၀ သတ်မှတ်လိုက်ပါတယ်။
ASPGB ရဲ့ ရှယ်ယာတစ်စုကို အမြင့်ဆုံးဈေးနှုန်းဟာ ၁၂,၅၀၀ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းက ၇၅၀၀ ကျပ်နဲ့ တစ်ချက်ခုန်ဈေးနှုန်းက ကျပ် ၅၀၀ အဖြစ် သတ်မှတ်ထားတယ်လို ရန်ကုန်စတော့အိတ်ချိန်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခုသတ်မှတ်လိုက်တဲ့ အခြေခံဈေးနှုန်း ကျပ် ၁၀,၀၀၀ ဟာ ရှယ်ယာအရောင်းအဝယ် ဆောင်ရွက်ကြတဲ့အခါမှာ အမြင့်ဈေးနဲ့ အနိမ့်ဈေးတို အကြား စဉ်းစားဝယ်ယူနိုင်မဲ့ ဈေးနှုန်းဖြစ်တယ်လို သိရပါတယ်။
အခုဒီဇင်ဘာလ ၁၇ ရက်ကစပြီး ရန်ကုန်စတော့အိတ်ချိန်းမှာ ASPGB ကုမ္ပဏီရဲ့ အစုရှယ်ယာ အရောင်းအဝယ်တွေ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဂျီဘီအက်စ် လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၆ ရက်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ Pre –Listing Board မှာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ကုမ္ပဏီတစ်ခုတိုက စတော့ရှယ်ယာတွေ နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်နေပါတယ်။ ASPGB ကုမ္ပဏီကတော့ စာရင်းဝင်အကြိုဈေးကွက်မှာ ဒုတိယမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာတာဖြစ်ပါတယ်။

image