1 ရက် - ဘာသာပြန်ပါ။

အနီကတ်အတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရတဲ့ ဒေါ့မွန်ကွင်းလယ်ကစားသမားဂျော့ဘ်ဘယ်လင်ဂမ်
==================

ဂျော့ဘ်ဘယ်လင်ဂမ်ဟာ ဒေါ့မွန်ရဲ့ ဖရိုင်းဘတ်နှင့်ပွဲစဉ်မှ အနီကတ်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေကော်မတီရဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
ဂျော့ဘ်ဘယ်လင်ဂမ်ဟာ တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲရဲ့ ပွဲချိန် ၅၃ မိနစ်တွင် ဂိုးသမားဂရီဂေါ်ကိုဘယ်ရဲ့ အမှားမှ တဆင့် ဖီးလစ်ထရူရဲ့ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးအား တားဆီးမှုကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယခုအခါ ဖရိုင်းဘတ်နှင့်ပွဲတွင် ၅ ပွဲမြောက်ပွဲထွက်ကစားခွင့်ရလာတဲ့ ဂျော့ဘ်ဘယ်လင်ဂမ်ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်လာပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆန်းဒါးလန်းကွင်းလယ်ကစားသမားဟောင်းဟာ သောကြာနေ့ မိုချင်ဂလက်ဘတ်နှင့်ပွဲစဉ်အပြင် ဇန်နဝါရီလ ၉ ရက်နေ့ ဖရန့်ဖတ်နှင့် ဘွန်ဒက်စ်လီဂါပွဲစဉ်တို့အား လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်စတားဘယ်လင်ဂမ်ရဲ့ ညီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆန်းဒါးလန်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် နွေရာသီတွင် ကလပ်အမြောက်အမြားရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်လည်း အစ်ကိုဖြစ်သူရဲ့ ခြေရာကို နင်းကာ ဒေါ့မွန်သို့ ပြောင်းခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ရာသီအစတုန်းက ဒေါ့မွန်တွင် နေရာရရှိရေး ရုန်းကန်ခဲ့ရပေမယ့်လည်း နည်းပြနီကိုကိုဗစ်လက်အောက်မှာတော့ ပုံမှန်ပွဲထွက်ကစားခွင့် ရလာခဲ့ပါတယ်။

image