1 ရက် - ဘာသာပြန်ပါ။

အင်္ဂလန်စတားဟာဗေးဘန်းစ်ကို ၂၀၂၆ ကမ္ဘာ့ဖလားတွင် အသုံးပြုရန် စကော့တလန် ဆွေးနွေးနေ
=====================

စကော့တလန်ဟာ အင်္ဂလန်စတားဟာဗေးဘန်းစ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စကော့တလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဘန်းစ်ဟာ ဘန်လေတွင် မွေးဖွားပေမယ့်လည်း အမေဖြစ်သူဘက်မှ ဘိုးဘွားများကြောင့် စကော့တလန်အသင်းအတွက်လည်း ကစားခွင့် ရှိနေပါတယ်။
တောင်ပံကစားသမားဟာ ၂၀၂၀ ခုနှစ်တုန်းက ဝေးလ်နှင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် တစ်ပွဲကစားထားပြီး ဖြစ်ပေမယ့်လည်း စကော့တလန်အတွက် ကစားခွင့် ရှိပါသေးတယ်။
စကော့တလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် ဟာဗေးဘန်းစ်က စကော့တလန်အသင်းအတွက် ကစားရန် တံခါးဖွင့်ပေးထားကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
ယခုအခါ စကော့တလန်အသင်းနည်းပြစတိဗ်ကလပ်ခ်က ဟာဗေးဘန်းစ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဟာဗေးဘန်းစ်ဟာ ယခု ၂၀၂၅-၂၆ ရာသီတွင် နယူးကာဆယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲလုံးတွင် ပါဝင်ကစားထားပါတယ္။ သူဟာ ၇ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားပေမယ့်လည်း မိနစ် ၇၂၀ အထိ ကစားခွင့်ရထားပါတယ်။
သူဟာ ဗုဒ္ဓဟူးနေည ဖူလ်ဟမ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပွဲထွက်လာဖို့ ရှိနေပါတယ်။

image