အပ-စ်မရပ်လျှင်ထိုင်းနှင့်ကမ္ဘောဒီးယားကို အခွန်တိုးကောက်မည်--ထရမ့်ပ်
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် စစ်ပွဲကိုမရပ်ပါက ၎င်းတို့နှစ်နိုင်ငံကို အခွန်အသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။
သောကြာနေ့က ဝေါစထရိဂျာနယ်နှင့် ထရမ့်ပ်၏ အင်တာဗျူးကို အခြေခံ၍ ယခုသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
“ကမ္ဘောဒီးယားနဲ့ ထိုင်းအကြား တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခကိုဖြေရှင်းဖို့အတွက် အခွန်တိုးကောက်သွားမယ်လို့ ပြီးခဲ့တဲ့ ၁၀ မိနစ်လောက်ကပဲ ငါခြိမ်းခြောက်ခဲ့တယ်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
“မင်းတို့ စစ်ပွဲကို မရပ်ဘူးဆိုရင် ရထားတဲ့ကုန်သွယ်ရေးသဘောတူညီချက်ကို ရပ်ပစ်ရုံမကဘဲ မင်းတို့နိုင်ငံကို ငါက အခွန်လည်းတိုးကောက်မယ်။ ငါလုပ်သလို ဘယ်သူမှ ဒါမျိုးမလုပ်နိုင်ဘူး” ဟု နှစ်နိုင်ငံခေါင်းဆောင်များကို သူ ကပြောခဲ့ကြောင်း ထရမ့်ပ်က ဆက်လက်ပြောကြားခဲ့သည်။
အပ-စ်အခတ်ရပ်စဲရေး ကတိကဝတ်များအပေါ် နှစ်ဖက်စလုံးကလိုက်နာမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်က မျှော်လင့်ထားကြောင်းနှင့် သ-တ်ဖြ-တ်မှုများရပ်တန့်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို သေချာစေရန် လိုအပ်ပါက တာဝန်ရှိသူများကို တာဝန်ခံစေမည်ဟု သတိပေးခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူဖုန်းပြောခဲ့ကြောင်းနှင့် တို-က်ခိုက်မှုများကိုရပ်တန့်ရန် ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူခဲ့ကြောင်း သောကြာနေ့တွင် ထရမ့်ပ်က ကြေညာခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်ကလည်း ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် စနေနေ့ည ၁၀ နာရီမှစ၍ အပ-စ်အခတ်ရပ်စဲရေးကို လက်ခံရန် တိုက်တွန်းခဲ့သည်။
အန်ဝါ၏ ပန်ကြားချက်ကို ဝန်ကြီးချုပ် ဟွန်မာနက်က ကြိုဆိုခဲ့သော်လည်း ဝန်ကြီးချုပ် အနူတင်သည် အပ-စ်အခတ်ရပ်စဲရေးကို ပြန်သွားရန်နှင့် ကမ္ဘောဒီးယားနှင့် ပဋိပက္ခကိုအဆုံးသတ်ရန် တောင်းဆိုမှုများကို လျစ်လျူရှုကာ ကမ္ဘောဒီးယားကို ဆက်လက်ကျူးကျော်တို-က်ခိုက်နေခဲ့သည်။