ဆီးဂိမ်းဖိတ်ကြားခံ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက် ညပိုင်းက မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကြိုဆိုကြကြောင်း သိရသည်။