ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင် တန်းစတင်ဖွင့်လှစ်
ပဲခူးတိုင်း(အရှေ့)၊ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းကို ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးကြွရောက်တော်မူကာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူ များက ပဲခူးတိုင်းဒေသကြီးဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း၊ ဝိနည်းဆိုင်ရာ သံဃအဖွဲ့အစည်းအဆင့်ဆင့် လုပ်ထုံးလုပ်နည်းဆိုင်ရာစာအုပ်များနှင့် အလှူငွေများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။
သင်တန်းအား သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ သာသနာတော်နှင့်အပ်စပ်သည့် ဝိနည်းဓမ္မကံ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာများတွင် ကျွမ်းကျင်ပိုင်နိုင်စွာပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့ ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ပဲခူးတိုင်း(အရှေ့)၊ မြို့နယ်(၁၄)မြို့နယ်မှ ဆရာတော်/သံဃာတော်(၂၀၀)ပါးကျော်တက်ရောက်လျက်ရှိကြောင်း သိရသည်။