တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုပြီး စွမ်းရည်ပြသ
တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ ဒီဇင် ဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Mi-17 ရဟတ် ယာဉ်(၄)စီးက Arrow Head Formation ပုံစံ၊ Bell 206 ရဟတ်ယာဉ်(၂)စီး၊ H-125 ရဟတ်ယာဉ်(၂)စီး၊ H - 120 ရဟတ်ယာဉ်(၂)စီးတို့က Composite Formation ပုံစံ၊ MTX-1B ကင်းထောက်လေယာဉ်(၁)စီးနှင့် Grob-120 TP အမောင်းသင်လေယာဉ်(၃)စီးတို့က Composite Formation ပုံစံ၊ K-8 ဂျက်တိုက်လေယာဉ်(၅)စီးက Kite Formation ပုံစံ၊ F - 7 တိုက်လေယာဉ်(၄)စီးက Box Formation ပုံစံ၊ MiG-29 ဘက်စုံသုံးဂျက်တိုက် လေယာဉ်(၅)စီးက Arrow Head Formation ပုံစံ၊ Su-30 SME ဘက်စုံသုံးအကြီးစားဂျက်တိုက်လေယာဉ် (၂)စီးနှင့် FTC 2000G တိုက်လေယာဉ်(၂) Compoစီးကsite Formation ပုံစံတို့ဖြင့် အသီးသီးသရုပ်ပြပျံသန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်များနှင့် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ်များက အဆင့်မြင့်လှုပ်ရှားစစ်ကစားမှုများအား စွမ်းရည်ပြပျံသန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ စွမ်းရည်ပြပျံသန်းရာ၌ MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်(၁)စီးက ရှုရပ်၏ရှေ့တည့်တည့်မှဝင်ရောက်လာပြီး Victory Roll Maneuver နှင့် Level 8 Maneuver၊ Combat Turn နှင့် Multiple Roll Maneuver၊ Slow Flight နှင့် Zoom Climb Maneuver၊ Vertical Roll Maneuver တို့ကိုစွမ်းရည်ပြပျံသန်းပြီး MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်(၄)စီးက ရှုရပ်၏ရှေ့တည့်တည့်မှ Box Formation ပုံစံဖြင့်အုပ်ဖွဲ့ပျံသန်းပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဥ်(၁)စီးက Point Roll Maneuver၊ High-G Turn Maneuver၊ Derry Turn Maneuver၊ Oblique Loop Maneuver၊ Combat Turn Maneuver၊ Flap Spin Maneuver တို့ဖြင့်စွမ်းရည်ပြပျံသန်းပြီး Slow Flight Maneuver ဖြင့်လည်း ပျံသန်းသရုပ်ပြသပြီးနောက် မီးကျည်များကိုပစ်လွှတ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားအလေးပြုခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်(လေ)(၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဇီဝီတဒါနငှက်လွှတ်ပြီး သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြော၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

image