ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလေ-ာင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ရန်ကုန်လေဆိပ်အဝင်လမ်းဖြစ်သည့် Y တံတားအနီးရှိ တိုက်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ရန်ကုန်နာရေးကူညီမှုအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image