လီယွန်နယ်မက်ဆီရဲ့ ကာလရှည်ကြာ စံချိန်ကို ပီဒရီ ရိုက်ချိုးလာ
==================

ဟန်ဆီဖလစ်ရဲ့ လက်စွဲတော် ပီဒရီဟာ အိုဆာဆူနာအား အနိုင်ရတဲ့ပွဲစဉ်မှာ လီယွန်နယ်မက်ဆီရဲ့ ကာလရှည်ကြာ စံချိန်တစ်ခုအား ရိုက်ချိုးလာပါတယ်။
အသက် ၂၃ နှစ်ရှိ ပီဒရီဟာ အိုဆာဆူနာအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် လီယွန်နယ်မက်ဆီရဲ့ ဘာစီလိုနာအတွက် လာလီဂါပွဲ ၁၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာတာလည်း ဖြစ်ပါတယ်။
ယခင်နည်းပြအဆက်ဆက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ပီဒရီဟာ နည်းပြဟန်ဆီဖလစ်လက်အောက်မှာလည်း အရေးပါတဲ့ ကွင်းလယ်ကစားသမားအဖြစ် ကစားနေရသူ ဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားဟာ အသက် ၂၃ နှစ်၊ ၁၈ ရက်ဖြင့် ဘာစီလိုနာသမိုင်းတွင် လာလီဂါပွဲ ၁၅၀ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းတင်လာပါတယ်။
ပီဒရီဟာ ၂၀၂၀ ခုနှစ်တွင် လက်စ်ပါးမက်စ်မှ ရောက်လာပြီးနောက် ဘာစီလိုနာအကယ်ဒမီအတွက် ကာလတို ကစားပြီးနောက် ၂၀၂၀-၂၁ ရာသီမှ စတင်ကာ အဓိကကစားသမားအဖြစ် ကစားခွင့်ရလာသူ ဖြစ်ပြီး ယင်းရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၅၂ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယင်းရာသီတွင် စပိန်နှင့်အတူ ယူရို ၂၀၂၀ ကစားခဲ့ရသလို တိုကျိုအိုလံပစ်လည်း ကစားခဲ့ရလို့ တစ်ရာသီလုံး ပွဲအများဆုံးကစားခဲ့သူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တွင် Golden Boy နှင့် Kopa Trophy တို့ ဆွတ်ခူးခဲ့ကာ အင်နီယေစတာလက်သစ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူဟာ ယင်းရာသီတွင် ပွဲများစွာ ကစားခဲ့ရပြီးနောက် ၂၀၂၂-၂၃ နှင့် ၂၀၂၃-၂၄ ရာသီတို့တွင် ဒဏ်ရာပြဿာနာများ ကြုံရကာ နည်းပြအဖွဲ့က ဂရုတစိုက်ကိုင်တွယ်ခဲ့ရပါတယ်။
ယခုအခါ သူဟာ အသက် ၂၃ နှစ်သာ ရှိသေးပေမယ့်လည်း ပွဲပေါင်းနှစ်ရာကျော်အထိ ကစားထားပြီး ဖြစ်ပါတယ်။

image