1 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
"အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းတိုက်ဖျက်မှုများပြုလုပ်သွားမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

image