ဝုဗ်နိုင်ပွဲတွင် ဘင်ဝှိုက် ဒဏ်ရာရရှိသွားပြီးနောက် ဒဏ်ရာပြဿနာထိုးနှက်ချက် ထပ်မံ ကြုံလာတဲ့ အာဆင်နယ်
======================
အာဆင်နယ်ဟာ ဝုဗ်ကို အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းတွင် ဘင်ဝှိုက် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရပြီးနောက် နောက်ထပ် ဒဏ်ရာထိုးနှက်ချက် ထပ်မံ ကြုံတွေ့လာပါတယ်။
ဒဏ်ရာပြဿနာများစွာတို့ဖြင့် ကြုံခဲ့ရဖူးတဲ့ ဘင်ဝှိုက်ဟာ ပထမပိုင်း နာရီဝက်တွင် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နောက်တန်းကစားသမားများ ဒဏ်ရာရရှိတဲ့ ပြဿနာများနှင့် ကြုံနေရတာ ဖြစ်ပြီး ယခု ဘင်ဝှိုက် ဒဏ်ရာရရှိလာမှုနှင့်အတူ နောက်ထပ် ပြဿနာတစ်ရပ် ဖြေရှင်းလာရပါဦးမယ်။
အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာ၊ ဂါဘရီရယ်နှင့် ခရစ္စတီယန်မော့စ်ကွီရာတို့အား ဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့ရပါတယ်။ ပြင်သစ်နောက်ခံလူဝီလီယမ်ဆာလီဘာမှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ဝုဗ်နှင့်ပွဲစဉ်တွင် ပြန်လည်ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ၄ ပွဲဆက် ပွဲထွက်ကစားနိုင်ခဲ့တဲ့ ဘင်ဝှိုက်မှာ ပွဲချိန် ၃၀ မိနစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် မိုင်လက်စ်လူးဝစ်စကယ်လီနှင့် လူစားလဲခဲ့ရပါတယ်။
လက်ရှိအချိန်တွင် ဘင်ဝှိုက်ရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပါဘူး။
အာဆင်နယ်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အဲဗာတန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီဇင်ဘာလမကုန်ဆုံးမီ ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲအပြင် ပရီးမီးယားလိဂ်တွင် ဘရိုက်တန်၊ ဗီလာတို့နှင့် ရင်ဆိုင်ကစားရပါမယ်။