ဘုန်းမောက်နှင့်ပွဲ မကန်မီအချိန်အထိ အာဖရိကစတား ၃ ဦးကို သုံး/မသုံးလျို့ဝှက်လာမယ့် ယူနိုက်တက်
=====================

ယူနိုက်တက်ဟာ တနင်္လာနေ့ည ဘုန်းမောက်နှင့်ပွဲ မကန်မီအချိန်အထိ အာဖရိကကစားသမား ၃ ဦးအား သုံး/မသုံး လျို့ဝှက်ဖို့ ကြိုးပမ်းလာပါတယ်။
သောကြာနေ့ သတင်းစာရှင်းလင်းပွဲတုန်းက ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က အာဖရိကကစားသမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လို၊ နူဆာမာ့ဇ်ရာဝီတို့အား ဘုန်းမောက်ပွဲတွင် အသုံးပြုရေး မရေမရာ ဖြစ်နေဆဲ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
ယင်းကစားသမား ၃ ဦးတို့ဟာ ဩဂုတ်လ ၁၅ ရက်နေ့တွင် အာဖရိကဖလားပြိုင်ပွဲတွင် သက်ဆိုင်ရာ နိုင်ငံအသီးသီးနှင့် ပူးပေါင်းရပါမယ်။
ယူနိုက်တက်ဟာ ယင်းကစားသမား ၃ ဦးအား ဘုန်းမောက်နှင့်ပွဲတွင် အသုံးပြုရေးအတွက် ကင်မရွန်း၊ အိုင်ဗရီကို့စ်၊ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်တို့နှင့် ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြအမိုရမ်ဟာ ယင်းကစားသမား ၃ ဦးအား အသုံးပြုခင့်ရ/မရ ရှင်းရှင်းလင်းလင်း သတင်းပေးခံထားရပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ ယင်းကစားသမား ၃ ဦးအား သုံးခွင့် ရ/မရနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်လိုခြင်း မရှိပါဘူး။
ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် နူဆာမာ့ဇ်ရာဝီတို့ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၂ ပွဲဆက် ပွဲထွက်ကစားလာကြသူများ ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ နောက်ဆုံး အိုးထရက်ဖို့ဒ်ပွဲ ၂ ပွဲဆက် ၃-၀ ဖြင့် အနိုင်ရထားပြီး ယူနိုက်တက်နှင့် ၄ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။
ဒါပေမယ့် ၎င်းတိုဟာ လက်ရှိအချိန်တွင် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ယူနိုက်တက်မှာ နောက်ဆုံး ၉ ပွဲတွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။

image