2 ပတ် - ဘာသာပြန်ပါ။

၄ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဂိုး သွင်းပြီးနောက် ကစားဖော်ဟောင်းဂျိုတာကို ဂုဏ်ပြုခဲ့တဲ့ ဟင်ဒါဆင်
=======================

ဘရိုက်တန်ကွင်းလယ်ကစားသမားဂျော်ဒန်ဟင်ဒါဆင်ဟာ တနင်္ဂနွေနေ့ညတုန်းက လိဒ်နှင့် သရေကျတဲ့ပွဲတွင် ဂိုးသွင်းယူပြီးနောက် ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ လီဗာပူးကစားဖော်ဟောင်းဒီယေဂိုဂျိုတာအား ဂုဏ်ပြုအောင်ပွဲခံမှု ပြုလုပ်လာပါတယ်။
အင်္ဂလန်အလယ်တန်းကစားသမားဟာ အန်ဖီးလ်တွင် ဂျိုတာနှင့်အတူ ၇၇ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။ ဂျိုတာဟာ ဇူလိုင်လတုန်းက ညီဖြစ်သူအင်ဒရေဆေးလ်ဗားနှင့်အတူ စပိန်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဟင်ဒါဆင်ဟာ လေးနှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဂိုးအား သွင်းယူနိုင်ခဲ့ပြီးနောက် ကွန်ပျူတာဂိုမ်းကစားနေတဲ့ ပုံစံဖြင့် ထိုင်ကာ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဂိုးက ဟင်ဒါဆင်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဂိုးလည်း ဖြစ်ပါတယ်။
သူဟာ မြို့ခံပြိုင်ဘက် အဲဗာတန်အား ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ နောက်ဆုံးပရီးမီးယားလိဂ်ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ယင်းပွဲတွင် ဂျိုတာလည်း မှတ်မှတ်ရရ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ ဟင်ဒါဆင်က "တလောကမှ သူ့ မွေးနေ့ပါ။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ သူ့ကို အမြဲတမ်း အမှတ်ရနေမှာပါ။ လီဗာပူးကို ဖြတ်သန်းခဲ့တဲ့ ငါ့ကောင်တွေကို အမှတ်ရပဲ လုပ်နိုင်တော့တယ်။ သူက သူငယ်ချင်းဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်တော်က ဂိုးအများဆုံးကြီး သွင်းနိုင်တဲ့သူမျိုး မဟုတ်ဘူး။ ဒီတော့ သူ့အတွက် ရည်ရွယ်ဖို့ တွေးခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဟင်ဒါဆင်ဟာ ပေါ်တူဂီတွင် ကျင်းပတဲ့ ဂျိုတာညီနောင်ရဲ့ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဟင်ဒါဆင်ဟာ အသက် ၃၅ နှစ်၊ ရက် ၁၈၀ ဖြင့် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်သမိုင်းတွင် အသက်အကြီးဆုံး ပရီးမီးယားလိဂ်ဂိုးသွင်းရှင် ဖြစ်လာပါတယ်။

image