2 ပတ် - ဘာသာပြန်ပါ။

Tyne-Wear ဒါဘီပွဲတွင် ကွင်းကို အပြောင်းအလဲ လုပ်ကာ မြို့ခံပြိုင်ဘက် နယူးကာဆယ်ကို ထိုးနှက်ခဲ့တဲ့ ဆန်းဒါးလန်း
====================

ဆန်းဒါးလန်းဟာ တနင်္ဂနွေနေ့ညတုန်းက အလင်းရောင်ကွင်းတွင် ခါးသီးတဲ့မြို့ခံပြိုင်ဘက် နယူးကာဆယ်နှင့်ပွဲစဉ်တွင် ပြိုင်ဘက်တွေ နာလိုခံခက်ဖြစ်အောင် မီးမွှေးလုပ်ဆောင်ခဲ့ပါတယ်။
မနေ့ညက Tyne-Wear ဒါဘီပွဲစဉ်က ဆယ်နှစ်နီးပါး ကာလအတွင်း ပထမဆုံး Tyne-Wear ဒါဘီပွဲစဉ်လည်း ဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာ Tyne-Wear ဒါဘီပွဲစဉ်တွင် အလင်းရောင်မှ Socoreboard တွင် ပြိုင်ဘက် နယူးကာဆယ်အသင်းရဲ့အမည်ကို ထည့်သွင်းရန် ငြင်းဆိုခဲ့ပြီး "ဧည့်သည်များ'လို့သာ ရေးသားဖော်ပြခဲ့ပါတယ်။
ပုံမှန်အားဖြင့် Socreboard တွင် ဧည့်သည်အသင်းရဲ့ လိုဂိုအား ထည့်သွင်းဖော်ပြလေ့ရှိတာပါ။
ဆန်းဒါးလန်းဟာ ချန်ပီယံရှစ်ပလေးအောဖ်ဖိုင်နယ်မှ တဆင့် ပရီးမီးယားလိဂ်သို့ တန်းပြန်လာပြီးနောက် ပရီးမီးယားလိဂ်ပထမဆုံးရာသီတွင် တာထွက်ကောင်းနေပါတယ်။
၎င်းတို့ဟာ မနေ့ညတုန်းက Tyne-Wear ဒါဘီပွဲစဉ်တွင် ဧည့်သည် နယူးကာဆယ်အသင်းကို တယ်တီမိတ်ရဲ့ OG ဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဆန်းဒါးလန်းဟာ Tyne-Wear ဒါဘီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာသို့ တက်လှမ်းလာပါတယ်။

image