ဂျီနိုအာနှင့်အင်တာမီလန်ပွဲမတိုင်မီ နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားကာ ကားမီးတင်ရှို့မှုဖြစ်ပွား
====================

ဂျီနိုအာနှင့် အင်တာမီလန်ပရိသတ်များဟာ တနင်္ဂနွေနေ့ည စီးရီးအေပွဲစဉ်မတိုင်မီ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အချိန်မီ လာရောက် ထိန်းသိမ်းခဲ့ရပါတယ်။
စီးရီးအေနှစ်သင်းတို့ဟာ Luigi Ferraris Stadium တွင် ရင်ဆိုင်ခဲ့ကြတာ ဖြစ်ပြီး ပွဲမတိုင်မီ နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားကာ ကားများကို မီးတင်ရှို့မှုပါ ပြုလုပ်ခဲ့ကြပါတယ်။
အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်များအရ ရဲတပ်ဖွဲ့ကားများ အခင်းဖြစ်ပွားရာသို့ ရောက်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြကာ ကားတစ်စီးမှာ မီးလောင်နေတာ တွေ့ရပါတယ်။
Sky Sports ရဲ့ဖော်ပြမှုအရ ဂျီနိုအာပရိသတ်များက အဝေးကွင်းပရိသတ်ဂိတ်ပေါက်တွင် ရှိနေတဲ့ အင်တာမီလန်ပရိသတ်များကို အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ရာမှ ရန်ပွဲစတင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အင်တာမီလန်ပရိသတ်များဟာ ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းခံရပြီးနောက် အိမ်ရှင်ပရိသတ်ဂိတ်ပေါက်သို့အထိ သွားရောက် တိုက်ခိုက်ကြပါတယ်။
ယင်းနှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုအား ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းပြီး တည်ငြိမ်အေးချမ်းသွားခဲ့ပါတယ်။
ဒါပေမယ့် ယင်းနေရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဂျီနိုအာပရိသတ်များအကြား နောက်ထပ် ရန်ပွဲ ထပ်မံ ဖြစ်ပွားကာ ဗန်ကားကို မီးတင်ရှို့မှုပါ ဖြစ်ပွားလာခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ ရဲတပ်ဖွဲ့ဝင်များ တဖွဲဖွဲ ရောက်လာကာ အခြေအနေအား ပြန်လည်ထိန်းသိမ်းနိုငခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် ဧည့်သည် အင်တာမီလန်အသင်းဟာ ယန်းအူရိုင်ဘစ်ဆစ်ခ်၊ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

image