စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ဗဟိုဘဏ် ထုတ်ရောင်း ကုမ္ပဏီများထံမှ ဝယ်ယူထား
CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများထဲက စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁၅၂၇၆၂ ဒေါ်လာကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဇင်ဘာ ၁၀ရက်တွင် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
FX Trading တွင် ဆောက်လုပ်ရေးပစ္စည်း၊ အလူမီနီယံ၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩ ဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ၊ကား၊ ဆိုင်ကယ် အပိုပစ္စည်း၊ထုပ်ပိုးမှု ပစ္စည်း၊ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊စားသုံးကုန်စည် တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများထံသို့ အမေရိကန်ဒေါ်လာများ မကြာခဏ ထုတ်ရောင်းပေးလေ့ရှိပြီး ဒီဇင်ဘာလ ၁၀ ရက် F တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို၃၆၄၈ ကျပ်ဖြင့် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။