၂ နှစ်ခွဲအကြာ၌ ကိုဒါ ပြိုင်ပွဲများ ပြန်ပြိုင်မည်ဖြစ်
-------------------------

အမေရိကန်ဂေါ့ဖ်အားကစားမယ် ဂျက်ဆီကာ ကိုဒါဟာ ၂ နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပြိုင်ပွဲ ဝင်မှုအဖြစ် ဂရန့်သော်တန် ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် ကိုဒါဟာ ၂၀၂၃ မေလ ၂၈ ရက်နေ့မှာ နောက်ကျောဒဏ်ရာကို သေချာကုသနိုင်ဖို့အတွက် ဂေါ့ဖ်အားကစားကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
LPGA တိုးချန်ပီယံဆုကို ၆ ကြိမ်ရရှိထားခဲ့ဖူးတဲ့ ကိုဒါက ၂ နှစ်ခွဲ ကျော် အနားယူနေရာကနေ ပြိုင်ပွဲတွေ ပြန်ပြိုင်ဖို့ အတွက် ဆုံးဖြတ်ချက်က စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်လို့ ဝန်ခံသွားပါတယ်။ကိုဒါဟာ ဂရန့်သော်တန် ဖိတ်ခေါ်ပြိုင်ပွဲမှာ ကာလရှည်သူငယ်ချင်းအဖြစ် ရင်းနှီးခဲ့တဲ့ ဘက်ကော်လေနဲ့အတူ အတွဲလိုက်ယှဉ်ပြိုင်မှာဖြစ်ပြီး အတွဲပေါင်း ၁၆ တွဲပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အခုနှစ် ပြိုင်ပွဲက တတိယအကြိမ်မြောက်ကျင်းပတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် ဆုကြေး ဒေါ်လာ ၄ သန်းရရှိမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ပထမဆုံးအကြိမ်လေ့ကျင့်မှုလုပ်ခဲ့သလို စိတ်လှုပ်ရှားစရာကောင်းပါတယ်လို့ ကိုဒါက ပြောသွားခဲ့ပါတယ်။ကိုဒါဟာ အသက် ၁၈ နှစ်ပြည့်တဲ့ ၂၀၁၁ ခုနှစ်မှာ ပရိုပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင် ခဲ့တာဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒိုင်းမွန်း Resort ပြိုင်ပွဲမှာ LPGA တိုးချန်ပီယံဆုကို နောက်ဆုံး ရရှိထားပါတယ်။

image