၂၀၂၅ ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲမှာ ပီတာဂေးလ်ခရစ်ကို သုံးပွဲပြတ်ရှုံးနိမ့်ပြီး ပေါက်စ ငွေတံဆိပ်သာ ရရှိ
၂၀၂၅ ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်ကစားသမား ပေါက်စဟာ စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်ကို သုံးပွဲပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ပေါက်စနဲ့ ပီတာဂေးလ်ခရစ်ဟာ ဆီးဂိမ်းစ်ဗိုလ်လုပွဲမှာ သုံးကြိမ်ဆက် ဆုံတွေ့ကြတာဖြစ်ပြီး ၂၀၂၁ နဲ့ ၂၀၂၃ မှာ ပေါက်စက အနိုင်ရခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပီတာဂေးလ်ခရစ်က ရွှေတံဆိပ်ဆု ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။