စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေးမည်
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က အသိပေးထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့တွင် Online Trading Market ၌ တစ်ဒေါ်လာ ၃၆၄၈ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၅၅၆ ဒသမ ၆၀ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄ ဒသမ ၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၈၃၆,၉၄၇.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၅၈၇,၇၄၇.၅၇ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။
FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း ၊ ဓာတ်မြေဩဇာ ၊လူသုံးကုန်ပစ္စည်းများ ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း : စက်မှုကုန်ကြမ်းပစ္စည်းများ ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်က အသိပေးထုတ်ပြန်ထားသည်။