2 ပတ် - ဘာသာပြန်ပါ။

တ့ာခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒနှစ် (၃၀) ပြည့်အခမ်းနားကို မြန်မာပါဝင်တက်ရောက်

တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတနှင့် တွေ့ဆုံပြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒ နှစ် (၃၀) ပြည့် အထိမ်းမှတ်အခမ်းနားကို အက်ရှ်ဂါဘတ်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၁ ရက်မနက်ပိုင်းတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းနားကို နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
အခမ်းနားတက်ရောက်သည့်အပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ H.E Mr. Serdar Berdimuhamedov နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသ်။
ထို့ပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာစာမျက်နှာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

image