ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) ကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး
ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ရန်မှာကြား
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) တွင် ကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးနိုင်မှုကို နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၁ ရက်ကကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော် ယာယီသမ္မတအား ဗဟိုကာကွယ်ဆေးသို လှောင်အအေးခန်း (ရန်ကုန်) ရှိ အပူချိန် အပေါင်း (၂) ဒီဂရီစင်တီဂရိတ်မှ အပေါင်း (၈) ဒီဂရီစင်တီဂရိတ်အတွင်းထားရှိနိုင်သော အအေးခန်းများနှင့် အပူချိန်အနုတ် (၁၅) ဒီဂရီစင်တီဂရိတ်မှ အနုတ် (၂၅) ဒီဂရီစင်တီဂရိတ် ထားရှိနိုင်သော အအေးခန်းများအတွင်း ကာကွယ်ဆေးများအား အမျိုးအစားအလိုက်သိုလှောင်ထားရှိမှု၊ ဆေးထိုးအပ်များသိုလှောင်ထားရှိမှုတို့ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ ဆေးဝါးများသိုလှောင်ရာတွင် လျှပ်စစ်မီးလိုအပ်ချက်ပြတ်တောက်မှုမရှိစေရေးနှင့် ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ရန်၊ သိုလှောင်ခန်းများအတွင်းအခန်းတွင်း အပူချိန်ထိန်းညှိမှုစနစ်တကျဖြစ်စေရန်တို့မှာကြားခဲ့သည်။