ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်ခြင်းလုံးအသင်းအား ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ဘတ်ခြောက်သိန်း ချီးမြှင့်ပေးအပ်

အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုရယူပေးခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးခြင်းလုံးအသင်းအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ယနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ အချိန်၌ ဘတ်ခြောက်သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါချီးမြှင့်ငွေကို ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ပေးအပ်ခြင်းဖြစ်ပြီး ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက တဆင့်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ရိုးရာခြင်းလုံး အမျိုးသားပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သော မြန်မာအမျိုးသားခြင်းလုံးအသင်းအတွက် ဆုချီးမြှင့်ငွေ ထိုင်းဘတ် ၃၀၀,၀၀၀ သိန်းချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အလားတူ အမျိုးသမီးပြိုင်ပွဲအသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သော မြန်မာအမျိုးသမီးခြင်းလုံးအသင်းကိုလည်း ဆုချီးမြှင့်ငွေ ထိုင်းဘတ် ၃၀၀,၀၀၀ သိန်း ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ငွေအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကိုယ်စား မန်နေဂျာဖြစ်သူ ဦးထွဋ်ခိုင်နွယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

image