မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်ပြီး ဆီးဂိမ်းပြိုင်ပွဲမှ ထွက်ခွာရ
-------------------------

၂၀၂၅ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
မြန်မာအသင်းဟာ ခံစစ်အမှားတွေကနေ
ပထမပိုင်းမှာ ဗီယက်နမ် အသင်းကို နှစ်ဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒုတိယပိုင်းမှာတော့ လိုအပ်နေတဲ့ ချေပဂိုးတွေ သွင်းယူနိုင်ဖို့ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အုပ်စု(ရဲ့နောက်ထပ်ပွဲစဉ်မှာ ဖိလစ်ပိုင်အမျိုးသမီးအသင်းက မလေးရှားအမျိုးသမီးအသင်းကို ခြောက်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒါကြောင့် အုပ်စု ( မှာ မြန်မာ၊ ‌ဗီယက်နမ် နဲ့ ဖိလစ်ပိုင် အသင်းတို့ဟာ ရမှတ် ၆ မှတ်စီ ရရှိခဲ့ပေမဲ့ ဂိုးကွာခြားချက်အရ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် အသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

image