14 ပတ် - ဘာသာပြန်ပါ။

ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အလမ်းနည်းနေတဲ့ မြန်မာ ယူ-၂၂

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းဟာ ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခွင့်အလမ်း အတော်နည်းနေပါတယ်။
အကောင်းဆုံးဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် မြန်မာအသင်းဟာ အင်ဒိုနီးရှားကို လိုအပ်တဲ့ဂိုးအရေအတွက်အတိုင်း သုံးဂိုးပြတ်နိုင် သို့မဟုတ် လေးဂိုးပြတ်နိုင်ဖို့ လိုအပ်နေပါတယ်။
အခုနှစ် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု သုံးခုခွဲထားပြီး အုပ်စုပထမရ သုံးသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရ တစ်သင်းသာ ဆီမီးဖိုင်နယ်တက်ခွင့် ရရှိမှာပါ။
အုပ်စု A နဲ့ B ပွဲစဉ်များ ပြီးဆုံးခဲ့ပြီး ဒုတိယနေရာရခဲ့တဲ့ မလေးရှား၊ တီမောနှစ်သင်းအနက် မလေးရှားက ရမှတ်တူ၊ ဂိုးကွာခြားချက် +၁ ရှိလို့ ဆီမီးဖိုင်နယ်နေရာရဖို့ အခြေအနေကောင်းနေကာ တီမောကတော့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
လက်ရှိမှာ မလေးရှားက သွင်းဂိုး ၄ ဂိုး၊ ပေးဂိုး ၃ ဂိုး၊ ဂိုးကွာခြားချက် +၁၊ ရမှတ် ၃ မှတ် ရှိနေတာပါ။
ဒါကြောင့် မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ဝ-၂ ဂိုးနဲ့ အရေးနိမ့်ထားလို့ အင်ဒိုနီးရှားကို သုံးဂိုးပြတ်နိုင်ရင်တောင် ၅-၂ ဂိုး၊ ၆-၃ ဂိုးစတဲ့ သွင်းဂိုးများစွာနဲ့ နိုင်ဖို့ လိုအပ်နေပါတယ်။
၃-၀ ဂိုးဆိုရင် ပြိုင်ပွဲက ထွက်ရမှာဖြစ်ပြီး ၄-၁ ဂိုးဆိုရင်တော့ မလေးရှားအသင်းနဲ့ မဲနှိုက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

image