ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာက ဗိုလ်လုပွဲတက်

ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ နှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင် မြန်မာကစားသမား ပေါက်စ ဗိုလ်လုပွဲ ထပ်မံတက်ရောက်သွားသည်။
ပေါက်စသည် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ထိုင်းကစားသမား ယူတာပေါ့ကို ၃-၂ ပွဲဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲ၌ ပြိုင်ဘက်ဟောင်း စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံနေပြီး နှစ်ဦးသည် ဗိုလ်လုပွဲအဆင့်၌ နောက်ဆုံးသုံးကြိမ်ဆက် တွေ့ဆုံနေခြင်းလည်းဖြစ်သည်။
ပေါက်စသည် ၂၀၂၁ နှင့် ၂၀၂၃ ဆီးဂိမ်း နှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင်ဖြစ်ကာ ဗိုလ်လုပွဲကို မနက်ဖြန် ဒီဇင်ဘာလ ၁၂ ရက်၌ ကစားသွားမည် ဖြစ်သည်။

image