3 ရက် - ဘာသာပြန်ပါ။

ပြီးခဲ့တဲ့အပတ်တုန်းက ရာထူးမှ ထုတ်ပယ်ခြင်းခံရပေမယ့်လည်း ထွက်ခွာရန် ငြင်းဆိုကာ အိုနာနာကို အာဖရိကဖလားအတွက် ပြန်ရွေးလာတဲ့ ကင်မရွန်းနည်းပြ
===================

ကင်မရွန်းအသင်းနည်းပြဟာ ပြီးခဲ့တဲ့အပတ်တုန်းက နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ရာထူးမှ ထွက်ခွာရန် ငြင်းဆိုကာ အာဖရိကဖလားပြိုင်ပွဲအတွက် ကင်မရွန်းကစားသမား ၂၈ ဦးစာရင်းအား ထုတ်ပြန်လာမှုနှင့်အတူ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်အတွင်း အကြီးမားဆုံးအရှုပ်ထုပ်ဖြစ်ပေါ်နေပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံသားနည်းပြမာ့ခ်ဘရိုင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ထပ်မံ ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဆင်မြူရယ်အီတိုးရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် မာ့ခ်ဘရိုင်က ၎င်းမှာ ကင်မရွန်းနည်းပြအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားကာ အာဖရိကဖလားပြိုင်ပွဲအတွက် လူစာရင်းကို ကြေညာလာတဲ့အပြင် ပြင်ဆင်မှု လုပ်မယ့် အစီအစဉ်များကိုလည်း ချပြလာပါတယ်။
ဘရိုင်ကြေညာလာတဲ့ လူစာရင်းတွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က ကြေညာထားတဲ့ အာဖရိကပြိုင်ပွဲအတွက် လူစာရင်းတွင် မပါဝင်တဲ့ အိုနာနာလည်း ပါဝင်လာပါတယ်။
ဘရိုင်ကို ကင်မရွန်းအားကစားဝန်ကြီးဌာနက အီတိုးရဲ့ ဆန္ဒအား ငြင်းပယ်ကာ ခန့်အပ်ထားတာ ဖြစ်ပါတယ်။
အီတိုးဟာ ဘရိုင်အား ခန့်အပ်မှုကို လက်မခံဘဲ အစောပိုင်းကတည်းက ထုတ်ပယ်ခဲ့ဖူးပြီးဖြစ်ပါတယ်။
ယင်းနောက် အီတိုးဟာ ပြန်လည်ပြေလည်မှု ရရှိပြီးနောက် ဘရိုင်အား ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
ယခုတဖန် ပြီးခဲ့တဲ့အပတ်မှာတော့ အီတိုးဟာ ဘရိုင်ကို ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘရိုင်က ၎င်းအား အားကစားဝန်ကြီးဌာနက ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းကို မည်သည်အခါတွင်မှ အကြောင်းကြားလာခြင်း မရှိကြောင်း၊ သူ့တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။
တဖက်တွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဟာ ဘရိုင်ရဲ့ လက်ထောက်နည်းပြဒေးဗစ်ပါဂူးအား ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
ယင်းသို့ အခြေအနေများကြောင့် ကင်မရွန်းအသင်းအတွင်း မတည်ငြိမ်မှု ဖြစ်နေသလို အသင်းအနာဂတ်မှာလည်း မရေမရာ ဖြစ်နေပါတယ်။
ယာယီနည်းပြပါဂူးက ထုတ်ပြန်ထားတဲ့ ကင်မရွန်းလူစာရင်းတွင် အိုနာနာကို ချန်လှပ်ကာ ပြီးခဲ့တဲ့ခြောက်လအတွင်း လိဂ်ပွဲကစားလာရခြင်းမရှိတဲ့ ဒေသတွင်းကလပ် Colombe de Sangmelima, မှ ဂိုးသမားအက်ဝတ်ဆမ်ဘင်အား ရွေးချယ်ထားပါတယ်။

image