3 ရက် - ဘာသာပြန်ပါ။

အိန္ဒိယ 'GOAT' Tour တွင် ၇၀ ပေမြင့် ရုပ်ထုကို ကိုယ်တိုင် ဖွင့်လှစ်လာမယ့် လီယွန်နယ်မက်ဆီ
====================

အင်တာမိုင်ယာမီနှင့်အတူ မေဂျာလိဂ်ဖလား ပူပူနွေးနွေး ရရှိထားတဲ့ လီယွန်နယ်မက်ဆီဟာ အိန္ဒိယသို့ သုံးရက်တိုင်တိုင် 'GOAT Tour အဖြစ် ရောက်လာပါမယ်။
မက်ဆီဟာ ကစားဖော်များဖြစ်ကြတဲ့ လူးဝစ်ဆွာရက်ဇ်၊ ရိုဒရီဂိုဒီပေါလ်တို့နှင့်အတူ ရောက်လာမှာ ဖြစ်ပြီး စနေနေ့တွင် ကိုလ်ကတ္တား(ယခင်အမည် ကာလကတ္တား)တွင် ရုပ်ထုအား ကိုယ်တိုင်ဖွင့်လှစ်လာပါမယ်။
ယင်းရုပ်ထုကို ၂၇ ရက်တိုင်တိုင် ကျွမ်းကျင်ပညာရှင် ၄၅ ဦးတို့က တည်ဆောက်ထားတာ ဖြစ်ပြီး ပေ ၇၀ မြင့်မားပါတယ်။
မက်ဆီဟာ 'GOAT Tour' ကို စနေနေ့ ဒေသတွင်း စံချိန်တော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်မှာ ဖြစ်ပြီး ဟိုင်ဒရာဘတ်၊ မွမ်ဘိုင်း၊ ဒေလီသို့လည်း သွားရောက်လည်ပတ်ပါမယ်။
ယင်းရုပ်ထုမှာ မက်ဆီအား အိန္ဒိယဘက်က ဂုဏ်ပြုတဲ့အနေဖြင့် ပြုလုပ်ထားတဲ့ အရာတွေထဲက တစ်ခု ဖြစ်ပါတယ်။
ပရိသတ်များအနေဖြင့် Hola Messi ပရိသတ်ဇုန်သို့ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပြီး ယင်းတွင် မက်ဆီရဲ့ ခန္ဓာကိယ်အရွယ်အစားအတိုင်း ဖန်တီးထားတဲ့ ပုလ္လင်ထက်တွင် ထိုင်နေတဲ့ မက်ဆီရဲ့ ရုပ်ထု၊ ကစားသမားဘဝအတွင်း မက်ဆီ ဆွတ်ခူးခဲ့တဲ့ ဆုဖလားအချို့တို့ကိုလည်း ပြသထားပါမယ်။
မက်ဆီဟာ ကစားသမားဘဝအတွင်း ပွဲ ၉၆၃ ပွဲကစားခဲ့ရာမှာ ၇၈၇ ဂိုး သွင်းယူထားသူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက ဘရူနိုအေးရိစ်တွင် ရုပ်ထု ထုတ်လုပ်ဂုဏ်ပြုခံထားရပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကလည်း နူးကမ့်ကွင်းတွင် မက်ဆီရဲ့ ရုပ်ထု ထုလုပ်ဂုဏ်ပြုမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
မက်ဆီရဲ့ ပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ မွေးရပ်မြေမာဒိုင်ရာကျွန်းတွင် ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ပြတိုက်တွင် ရုပ်ထုအား ကိုယ်တိုင် ထုလုပ်ထားပါတယ်။

image