ဖရန့်ဖတ်ပရိသတ်များကြောင့် ဘာစီလိုနာရဲ့ နူးကမ့်ကွင်းသစ် ဆိုးဆိုးရွားရွား ပျက်စီးမှု ဖြစ်သွား
=======================

ဘာစီလိုနာရဲ့နူးကမ့်ကွင်းသစ်ဟာ ဖရန့်ဖတ်ပရိသတ်များကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းဟောင်းဖြိုချကာ ယင်းနေရာတွင်ပင် ကွင်းသစ်တည်ဆောက်ထားတာ ဖြစ်ပြီး ပရိသတ် ၁၀၅၀၀၀ ဆန့်ကွင်းသစ်အဖြစ် တည်ဆောက်ထားတာပါ။
ဒါပေမယ့် ဘာစီလိုနာဟာ နူးကမ့်ကွင်းအား အပြီးသတ် တည်ဆောက်ပြီးစီးမှု မရှိသေးချိန်အတွင်း ပရိသတ်အရေအတွက် လျှော့ချကာ ကွင်းသစ်တွင် လက်ခံကစားနေပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်တွင် ပထမဆုံးချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ် ဖရန့်ဖတ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲကို လက်ခံကစားခဲ့ပါတယ်။
ဒါပေမယ့် နူးကမ့်ကွင်းသစ်ဟာ အဝေးကွင်းပရိသတ်များရဲ့ ဘီယာများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှူးများဖြင့် ပစ်ပေါက်ခြင်း၊ ပလတ်တစ်အရံအတားအား ဖျက်ဆီးခြင်းခံရမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါပွဲစဉ်တွင် ကွင်းလုံခြုံရေးဝန်ထမ်းများဟာ ဘာစီလိုနာပရိသတ်များရှိရာသို့ မီးရှူးဖြင့် ပစ်ပေါက်ခဲ့တဲ့ ဖရန့်ဖတ်ပရိသတ်အချို့တို့ကို ကွင်းအတွင်းမှ ဖယ်ရှားမှု ပြုလုပ်ခဲ့ရပါသေးတယ်။
လက်ရှိအချိန်တွင် ဘာစီလိုနာဟာ ကွင်းအတွင်း ပျက်စီးမှုများကို ဆန်းစစ်မှုများ ပြုလုပ်နေပြီး ပြန်လည်ပြုပြင်မှုများ ပြုလုပ်ရန် စီစဉ်နေပါတယ်။
အဆိုပါပွဲစဉ်တွင် ဘာစီလိုနာဟာ နောက်ခံလူခွန်ဒီရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂-၁ ဖြင့် အနိုင်ရခဲါ့တယ်။

image