စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦး​ကျော်နိုင်ဝင်းအား ခန့်အပ်

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦး​ကျော်နိုင်ဝင်းအား ခန့်အပ်​ကြောင်း ယ​​နေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ် ၅၁ / ၂၀၂၅ ဖြင့် ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ဦးကျော်နိုင်ဝင်း အား စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်​ကြောင်း အမိန့်စာတွင် ​ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက နိုဝင်ဘာ ၂၅ ရက်တွင် တာဝန်မှရပ်စဲခဲ့ပြီး​နောက် လစ်လပ်​နေသည့် ၎င်းနေရာတွင် ဦး​ကျော်နိုင်ဝင်းအား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စက်သုံးဆီ​​တင်သွင်းရာတွင် ​​​စျေးကစားမှုနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်းရာတွင် သက်ဆိုင်ရာက ​​ခေါ်ယူစစ်​ဆေးခဲ့သည်ဟု သတင်းများထွက်​ပေါ်ခဲ့ပြီး​နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်မှရပ်စဲခံခဲ့ရခြင်းလည်း ဖြစ်သည်။

image