တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး သ​ဘောတူညီချက်များကို အတည်ပြုလက်မှတ်​ရေးထိုး

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက် ကျင်းပခဲ့ပြီး အစည်းအ​ဝေးသ​ဘောတူညီချက်များကို အတည်ပြုလက်မှတ်​ရေးထိုးခဲ့​ကြောင်းာသိရသည်။
အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် နှင့် ကော်မတီဝင်မြန်မာ့တပ်မတော်မှအရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ် ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့်ကော်မတီဝင် ရုရှား တပ်မတော်မှအရာရှိကြီးများ တက်ရောက်ကြခဲ့​ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်နိုင်ငံမှ ကော်မတီဝင်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့​ကြောင်း သိရသည်။
ထို့နောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌများက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကာ ကော်မတီ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov တို့သည် အစည်းအ​ဝေး သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးကြပြီး အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့​ကြောင်း သိရသည်။

image