စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးနိုင်ရန် မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးပါက သက်ဆိုင်ရာလဝကရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးနိုင်ရန် မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးပါက သက်ဆိုင်ရာလဝကရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရုံးသို့သွားရောက်၍ စစ်မှုထမ်းဟောင်းများအားတွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းမှ လက်ရှိ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်း ပနိုင်ရေးဆောင်ရွက်ခဲ့မှု၊ မကြာမှီကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုတို့ကို ပြောကြားခဲ့သည်။
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် မဲပေးနိုင်ရေး၊ မှတ်ပုံတင်ကိုင်ဆောင်မဲပေးနိုင်ရေး၊ မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးမှုများအား သက်ဆိုင်ရာလဝကရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးတို့ကို မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဆိုလာမီးများကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

image