ဂျပန်တွင် ရစ်ခ်တာစကေး ၇.၅ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ၅၂ ဦး ဒ-ဏ်ရာရရှိ

ဂျပန်အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လူ ၅၂ ဦး ထက်မနည်း ဒ-ဏ်ရာရရှိခဲ့သည်ဟု ဒေသခံမီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါသည်။
အိုမိုရီ၊ ဟော့ကိုင်းဒိုနှင့် အိုင်ဝက် စီရင်စုရှိ အာဏာပိုင်များက လူ ၃၇၊ ၁၁ ဦးနှင့် လူ ၄ ဦးစီ အသီးသီးဒ-ဏ်ရာရခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။
ဟော့ကိုင်းဒိုး၊ အိုမိုရီ၊ အိုင်ဝက်၊ မီယာဂီနှင့် ဖူခူရှီးမား စီရင်စုများတွင် အင်္ဂါနေ့က ကျောင်းပေါင်း ၃၀၀ ကျော်ကို ပိတ်ထားခဲ့ရသော်လည်း ငလျင်ကြောင့် ပျ-က်စီးသွားသော ကျောင်းအချို့မှလွဲ၍ ဗုဒ္ဓဟူးနေ့တွင် ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် လှုပ်ခဲ့သောငလျင်သည် ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ၏အဆိုအရ Aomori ၏ ပစိဖိတ်ကမ်းရိုးတန်းအနီးတွင် ငလျင်၏ ပြင်းအားသည် ၆ အထက် ၇ တွင် ရှိခဲ့သည်။
အားပြင်းသော ငလျင်ကြောင့် JMA သည် အိုင်ဝက် စီရင်စုနှင့် ဟော့ကိုင်းဒိုးနှင့် အိုမိုရီ စီရင်ရှိ နယ်မြေများအတွက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ အိုင်ဝက် စီရင်စုရှိ ကူဂျီ ဆိပ်ကမ်း၌ ၇၀စင်တီမီတာ ရှိသောဆူနာမီလှိုင်းများ ရောက်ရှိလာကြောင်း အတည်ပြုခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် မကြာမီတွင် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းရှိ ကမ်းခြေများတစ်လျှောက် ကြီးမားသောငလျင်တစ်ခု လှုပ်ခတ်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသအေဂျင်စီက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ပြင်းအား-၈ သို့မဟုတ် ထို့ထက် ပိုမိုကြီးမားသောငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေသည် ၁၀၀ ပုံ တစ်ပုံရှိကြောင်း သတိပြုမိပါသည်။
အကြံပေးချက်သည် ဟော့ကိုင်းဒိုးမှ ချီဘာ စီရင်စုအထိ ဧရိယာများကို အကျုံးဝင်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကြီးမားသော ငလျင်သတိပေးချက်အမျိုးအစားကို မိတ်ဆက်ပြီးနောက်ပိုင်း ဒေသတွင်းအတွက် ပထမဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းရန် မလိုအပ်သော်လည်း ပြည်သူများကို လာမည့်သီတင်းပတ်အထိ သတိပြုနေထိုင်ရန် မိုးလေဝသတာဝန်ရှိသူများက အကြံပြုထားသည်။

image