မန္တလေးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲအတွက် အပိုင်း (၁) ကို လျာထားမဲရုံပေါင်း (၁၂၄၂) ရုံတွင် ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် မြို့နယ် (၈) မြို့နယ်၌ ကျင်းပမည်ဖြစ်ကာ လျာထားမဲရုံပေါင်း (၁၂၄၂) ရုံ ရှိသည်ဟု တိုင်းအစိုးရထံမှ သိရသည်။
ထို့နည်းတူ ဇန်နဝါရီလ (၁၁) ရက်တွင် အပိုင်း (၂) ကို မြို့န ယ် (၉) မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း (၁၀၇၃) ရုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
အပိုင်း (၃) ကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသွားမည်ဖြစ်ကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းပြုလုပ်ကာ ဆောင်ရွက်သင့်သည်များ ဆောင်ရွက်လျက်ရှိနေသည်ဟု သိရသည်။

image