ကိုင်လီယန်ဘက်ပေးရဲ့ စံချိန်အား လာမိန်းယာမဲလ် ရိုက်ချိုးလာ
======================

ဘာစီလိုနာပါရမီရှင်ကိုင်လီယန်ဘက်ပေးဟာ အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွင် ကိုင်လီယန်ဘက်ပေးရဲ့စံချိန်အား ရိုက်ချိုးကာ စံချိန်သစ် ရေးထိုးလာပါတယ်။
စပိန်တောင်ပံကစားသမားဟာ ဖရန့်ဖတ်အား ဘာစီလိုနာတို့ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဂျူးစ်ခွန်ဒီ ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းတွင်အသက် ၁၈ နှစ်နှင့် အောက် ကစားသမားများတွင် ဂိုးတွင် ပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် စံချိန်သစ်ရေးထိုးလာပါတယ်။
ယင်းစံချိန်ကို ယခင်တုန်း ရီးရဲလ်မက်ဒရစ်စူပါစတားကိုင်လီယန်ဘက်ပေးက ရေးထိုးထားတာပါ။
ဘာစီလိုနာဟာ အင်္ဂါနေ့ညတုန်းက ချန်ပီယံလိဂ်ပွဲစဉ်တွင် အန်စဂါကနပ်ဖ်ရဲ့ ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး ခွန်ဒီရဲ့ ဂိုး ၂ ဂိုးကြောင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ခွန်ဒီရဲ့ ဂိုး ၂ ဂိုးအား မားကပ်စ်ရက်ဖို့ဒ်နှင့် လာမိန်းယာမဲလ်တို့က ဖန်တီးပေးခဲ့ကြတာပါ။
ကွန်ဒီရဲ့ ဂိုးကို ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ လာမိန်းယာမဲလ်ဟာ ယခုအခါ ချန်ပီယံလိဂ်တွင် ဂိုးတွင် ပါဝင်ပတ်သက်မှု ၁၄ ကြိမ်( ၇ ဂိုးသွင်း ၇ ကြိမ်ဖန်တီး)အထိ ရှိလာပါတယ်။
သူဟာ ယခင်တုန်းက ဘက်ပေးနှင့်အတူ ချန်ပီယံလိဂ်သမိုင်းတွင် ၁၈ နှစ်နှင့်အောက် ကစားသမားများတွင် ဂိုးတွင် ပါဝင်မှု အများဆုံးအဖြစ် ၁၃ ကြိမ်ဖြင့် ပူးတွဲ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဘက်ပေးဟာ ချန်ပီယံလိဂ်သမိုင်းတွင် အသက် ၁၈ နှစ်နှင့် အောက်ကစားသမားများတွင် ဂိုးတွင် ပါဝင်ပတ်သက်မှု အများဆုံးအဖြစ် (၁၀ ဂိုးသွင်း ၃ ကြိမ်ဖန်တီး) ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် လာမိန်းယာမဲလ်ဟာ ဖရန့်ဖတ်နိုင်ပွဲတွင် အဝါကတ်ပြသခြင်းခံရပြီးနောက် ယခုရာသီ ချန်ပီယံလိဂ်တွင် အဝါကတ် ၃ ကတ်ပြသခြင်းခံထားရပြီးဖြစ်ရာ ၁ ပွဲပယ်ပြစ်ဒဏ်အား ကျခံရပါမယ်။
သူဟာ လာမယ် ဇန်နဝါရီလမှာ ဆလားဗီးယားပရက်နှင့် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

image