ရီးရဲလ်မက်ဒရစ်အနိုင်ဂိုးဖြင့် ချန်ပီယံလိဂ်သမိုင်းစံချိန်သစ် ရေးထိုးလာတဲ့ အာလင်းဟာလန်း
======================
အာလင်းဟာလန်းဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ရီးရဲလ်မက်ဒရစ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ပင်နယ်တီ အနိုင်ဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်သမိုင်း သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
မန်စီးတီးစူပါစတားဟာ မနေ့ညတုန်းက ဘာနေဗျူးတွင် ကစားတဲ့ ရီးရဲလ်မက်ဒရစ်နှင့်ပွဲစဉ်တွင် ချန်ပီယံလိဂ်ပွဲ ၅၀ မြောက် ပွဲထွက်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ချန်ပီယံလိဂ်ပွဲ ၅၀ မြောက် ပွဲထွက်ကစားရာမှာ ပင်နယ်တီမှ တဆင့် ၅၁ ဂိုးမြောက်ဂိုးကို သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
Opta ရဲ့ ဖော်ပြလာမှုအရ အာလင်းဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတွင် ပွဲ ၅၀ ပွဲထွက်ကစားရာမှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် သမိုင်းမှတ်တမ်းရေးထိုးလာတာဖြစ်ကြောင်း သိရပါတယ်။
အာလင်းဟာလန်းရဲ့ နောက်တွင် ယူနိုက်တက်တိုက်စစ်မှူးဟောင်းရုဒ်ဗန်နစ္စတယ်ရွိုင်းက ပထမဆုံးချန်ပီယံလိဂ်ပွဲ ၅၀ ပွဲထွက်ကစားထားရာမှာ ၄၂ ဂိုးသွင်းပြီး ရပ်တည်နေပါတယ်။
ဖီးလစ်ပိုအင်ဇာဂီ၊ ဟယ်ရီကိန်း၊ ကိုင်လီယန်ဘက်ပေးတို့က ပထမဆုံးချန်ပီယံလိဂ် ပွဲ ၅၀ ပွဲထွက်ကစားရာမှာ ၃၄ ဂိုးသွင်းထားကြပြီး လီယွန်နယ်မက်ဆီ၊ ရောဘတ်လီဝန်ဒေါ့စကီးတို့က ၃၃ ဂိုးသွင်းထားကြပါတယ်။
ဘန်ဇီးမားနှင့် ကာဗာနီတို့က ၃၁ ဂိုးစီ သွင်းထားကြကာ နေမာက ဂိုး ၃၀ သွင်းထားပါတယ်။