ချန်ပီယံလိဂ်မှာ မန်စီးတီးကို ရှုံးခဲ့ပေမယ့်
အလွန်ဆို စိတ်မပျက်
ရီးယဲလ်အသင်းနည်းပြအလွန်ဆိုက ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာမန်စီးတီးအသင်းကို အိမ်ကွင်းရှုံးပွဲ ရင်ဆိုင်ရပေမယ့်
သူ့အသင်း ကစားပုံအတွက်စိတ်မပျက်ဘူးလို့
ပြောခဲ့ပါတယ်။
အလွန်ဆိုရဲ့ရီးယဲလ်အသင်းက အိမ်ကွင်းဘာနေဗျူးနှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အလွန်ဆိုက ရီးယဲလ်နည်းပြဘဝ
ပထမဆုံး ၁၄ ပွဲမှာ ၁၃ပွဲအထိအနိုင်ရပြီး
မျက်နှာပန်းလှခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ ၄ ရက်မှာ
လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီးနောက်
အဲဒီနောက်ပိုင်းကစားတဲ့ ၈ ပွဲမှာ ရီးယဲလ်ကနှစ်ပွဲသာ
အနိုင်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
ရီးယဲလ်ကစားသမားတွေက အလွန်ဆိုရဲ့ပြင်းထန်တဲ့
လေ့ကျင့်ခန်းအစီအစဉ်နဲ့ Pressing ကစားဟန်ကို
သဘောမကျဖြစ်နေပြီး အဝတ်လဲခန်းအတွင်း
ပြဿနာများစွာရှိနေတယ်လို့သတင်းထွက်နေပါတယ်။
ရီးယဲလ်မှာ အလွန်ဆိုကိုထောက်ခံတဲ့ဘာပေတို့အဖွဲ့နဲ့
အလွန်ဆိုကိုဆန့်ကျင်တဲ့ ဗင်နီစီယက်စ်တို့အဖွဲ့
နှစ်ဖွဲ့ကွဲနေတယ်လို့လည်းသိရပါတယ်။
မန်စီးတီးအသင်းနဲ့ပွဲအပြီးမှာတော့ဘယ်လင်ဂမ်က
ရီးယဲလ်ကစားသမားတွေဟာ နည်းပြအလွန်ဆိုဘက်မှာ
ရှိနေတယ်လို့ အားပေးစကားဆိုခဲ့ပါတယ်။