အင်အား ၃ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်
-------------------------------
ကယားပြည်နယ်၊ ဘောလခဲမြိုအနီးမှာ ဒီဇင်ဘာလ ၉ ရက် ည ၈ နာရီ ၃၂ မိနစ် ၂၂ စက္ကန့်အချိန်က ၃ ဒသမ ၃ ရစ်(ခ်)တာစကေးအဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဘောလခဲမြိုရဲ့ မြောက် - အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနက် ၁၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၃ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်တယ်လို ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့အပါအဝင် သက်ရှင်ပြတ်ရွေ့ကြောတွေရှိတဲ့ စစ်ကိုင်း ၊ မန္တလေး၊ ပဲခူး၊ရန်ကုန် ၊ရခိုင်နဲ့ ချင်းဒေသတစ်လျှောက်မှာ မြေငလျင်တွေ မကြာခဏလှုပ်ခတ်တာတွေ ရှိနေတဲ့အတွက် မြေငလျင်နဲ့ ပတ်သက်လို အမြဲသတိပြုနေဖို လိုအပ်တယ်လို မြေငလျင်လေ့လာသူတွေက ပြောကြားထားပါတယ်။