ဂျကာတာ မီးလောင်မှု ၂၂ ဦး သေဆုံး
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျကာတာမှ ခုနစ်ထပ်ရုံး အ ဆောက်အဦး တစ်ခု၌ ယနေ့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့သည်။
မြေညီထပ်၌ ဒရုန်းဘက်ထရီတစ်ခု ပေါက်ကွဲပြီး မီးလောင်မှုစတင်ခဲ့ကာ အ ခြား အထပ်များသို့ ကူးစက်သွားခဲ့ ကြောင်း ရဲ တပ်ဖွဲ့က ပြောသည်။
သို့ရာတွင် မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်း အ တိအကျကို ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဂျကာတာဗဟို ရဲတပ် ဖွဲ့ အကြီးအကဲ ဆူ ဆက်တိုကွန်ဒရိုက ပြောကြားသည်။
မီးလောင်မှုမှာ ထမင်းစားချိန်၌ စတင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များ ရောက်လာချိန်တွင် မီးများနေကြောင်း မျက်မြင် သက်သေတစ်ဦးက အေအက်ဖ်ပီ သတင်းဌာ နကို ပြောကြားသည်။
သေဆုံးသူ ၂၂ ဦးတွင် အမျိုးသမီး ၁၅ ဦး ပါဝင်ကြောင်းနှင့် တစ်ဦးမှကိုယ်ဝန်ဆောင် ဖြစ်ကြောင်း ဂျကာတာ ရဲမှူး ကြီးက ပြောသည်။
လူ ၁၉ ဦးက အဆောက်အအုံ အမိုးပေါ်သို့ တက်ရောက် ရှောင်တိမ်းခဲ့ပြီး အ သက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
လူအသွားအလာ များသော မြို့လယ်မှ မီးလောင်မှုကို မီးသတ်ယာဥ် ၂၉ စီးမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ငြှိမ်း သတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။
သေဆုံးသူ အများစုသည် မီးလောင်ဒဏ်ရာ များကြောင့် မဟုတ်ဘဲ မီးခိုးကြောင့် မွန်းကြပ်ပြီး သေဆုံးခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။
မီးလောင်ခဲ့သော အဆောက်အဦကို စိုက်ပျိုးရေး လုပ်ငန်းအတွက် ဒရုန်းဝန်ဆောင်မှုများ ပေးသောကုမ္ပဏီက အသုံး ပြုနေကြာင်း သိရသည်။
ရဲတပ်ဖွဲ့က စီးပွားရေးလုပ်ငန်းပိုင်ရှင် အဆောက်အဦးပိုင် ရှင် အပါအဝင် မျက်မြင်သက်သေများကို မေးမြန်းစစ်ဆေးနေသည်ဟု ဂျကာတာ ရဲမှူးကြီးက ဆက်ပြောသည်။