မလေးရှားနိုင်ငံတွင် အကျဉ်းကျခံပြီးသည့် နိုင်ငံခြားသား ၁၄၇ ဦး နေရပ်ပြန်ပို့
မလေးရှားနိုင်ငံတွင် အကျဉ်းကျခံပြီးသည့် မြန်မာနိုင်ငံသား ၉၁ဦးအပါအဝင် နိုင်ငံခြားသား ၁၄၇ ဦးအား သက်ဆိုင်ရာ နိုင်ငံများသို့ ဒီဇင်ဘာလ ပထမပတ်အတွင်း ပြန်ပို့ခဲ့ကြောင်း မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြန်ပို့ခဲ့သည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၉၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၉ ဦး၊အိန္ဒိယနိုင်ငံသား ၁၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ကိုးဦး၊ လာအိုနိုင်ငံသား သုံးဦး၊ နီပေါနိုင်ငံသား နှစ်ဦး၊ ပါကစ္စတန်နိုင်ငံသားတစ်ဦးနှင့် သီရိလင်္ကာနိုင်ငံသား တစ်ဦးစီ ပါဝင်ကြောင်း သိရသည်။
၎င်းတို့အားလုံးကို ကွာလာလမ်ပူ KLIA 1 နှင့် KLIA 2အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့်စတူလန်းလော့တ်သင်္ဘောဆိပ်များမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသားများအား နေရပ်ပြန်ပို့ရာတွင် လိုအပ်သော ခရီးစရိတ်များအား သက်ဆိုင်ရာသံရုံးမှ တာဝန်ယူခြင်း၊ ကိုယ်ပိုင်နှင့် မိသားစုဝင်များက ကျခံခြင်းများဖြင့်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အားလုံးအား အမည်ပျက် စာရင်း(Blacklisted) သွင်းထားပြီး သတ်မှတ်ကာလအတွင်းမလေးရှားနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားသည်။