8 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲကို လူအခွင့်အရေးကော်မရှင် စောင့်ကြည့်မည်

မကြာမီကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်မှ စောင့်ကြည့်မည် ဖြစ်ကြောင်း သိရသည်။
ကော်မရှင်မှ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် စည်းကမ်းများ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူအခွင့်အရေးနေ့နှင့်ပတ်သက်ပြီး ဒီဇင်ဘာ(၁၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့မှာ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ (၁၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
ယခုအချိန်တွင် ဒုတိယအကြိမ် မဲစာရင်းကို ကြေညာထားပြီး ပြည်ပနိုင်ငံများတွင်လည်း ကြိုတင်ဆန္ဒမဲပေးခြင်းများကို လုပ်ဆောင်နေပြီလည်း ဖြစ်သည်။

image