ရိုးရာခြင်းလုံးအားကစား (Linking) အမျိုးအစားများ စတင်ယှဉ်ပြိုင်နေ၊ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်နေ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီး၌ ရိုးရာခြင်းလုံးအားကစား (Linking) အမျိုးအစားများကို ယနေ့ (ဒီဇင်ဘာ ၁၀) တွင် စတင်ယှဉ်ပြိုင်နေရာ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းတို့ ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်နေကြောင်း သိရသည်။
ဗိုလ်လုပွဲကို Readers Channel နှင့် Pyone Play Application တွင် တို-က်ရို-က်ထုတ်လွှင့်ပြသနေသည်။
ထိုပွဲများကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sport Center ၌ကျင်းပလျက်ရှိနေခြင်းလည်း ဖြစ်သည်။
ရိုးရာခြင်းလုံး အမျိုးသမီးပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှားအသင်း လာအိုအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ထိုင်းအသင်းကရမှတ် ၉၄ မှတ်၊ လာအိုအသင်းက ရမှတ် ၃၁၇ မှတ်၊ မြန်မာအသင်းက ရမှတ် ၄၆၁ မှတ်၊ မလေးရှားအသင်းမှ ရမှတ် ၁၁၈ မှတ် ရရှိခဲ့သည့်အတွက် မြန်မာအမျိုးသမီးအသင်းအနေဖြင့် ရမှတ်အများဆုံး ရရှိထားပြီးဖြစ်သည်။
ရိုးရာခြင်းလုံး အမျိုးသားပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှားအသင်း၊ လာအိုအသင်းနှင့် အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၅၀၁ မှတ်၊ လာအိုအသင်းက ရမှတ် ၄၁၀ မှတ်၊ မြန်မာအသင်းက ရမှတ် ၅၄၅ မှတ်၊ မလေးရှားအသင်းက ရမှတ် ၁၆၇ မှတ်နှင့် အရှေ့တီမောအသင်းက ရမှတ် ၆၈ မှတ်တို့ အသီးသီး ရရှိခဲ့သည့်အတွက် မြန်မာအမျိုးသားအသင်းအနေဖြင့် ရမှတ်အများဆုံး ရရှိထားပြီးဖြစ်သည်။

image