8 ပတ် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်အသင်းအတွင်း စည်းလုံးနေကြောင်း အလွန်ဆိုပြောကြားလာ
====================

ဖိအားများအောက်သို့ ကျရောက်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက အသင်းအဝတ်အစားလဲခန်းမှ ဘုတ်အဖွဲ့အထိ အသင်းအတွင်း စည်းလုံးမှု ရှိကြောင်း ပြောကြားလာပါတယ်။
လေဗာကူဆင်နည်းပြဟောင်းဟာ နွေရာသီတုန်းက ကာလိုအန်ဆယ်လော့တီနေရာတွင် ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ပြီး ခြောက်လအကြာတွင်ပင် ဖိအားများအောက်သို့ ကျရောက်နေပြီ ဖြစ်ပါတယ်။
အလွန်ဆိုဟာ တနင်္ဂနွေနေ့တုန်းက ဘာနေဗျူးကွင်းတွင် ဆဲလ်တာဗီဂိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ နောက်ဆုံး လာလီဂါ ၅ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားပြီး ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၄ မှတ်ကွာဟနေပြီးနောက် ဖိအားများအောက်သို့ ကျရောက်နေပါတယ်။
အလွန်ဆိုဦးဆောင်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယနေ့ ဗုဒ္ဓဟူးနေ့ညတွင် ဘာနေဗျူးကွင်းတွင် မန်စီးတီးကို ဧည့်ခံကစားရမှာ ဖြစ်ပြီး ယင်းပွဲ အနိုင်မရလျှင် ထုတ်ပယ်ခြင်းခံရမယ်လို့ သတင်းထွက်နေပါတယ်။
အလွန်ဆိုက "ကျွန်တော်တို့အားလုံး တစ်လှေတည်းစီးတွေပါ။ အပြုသဘောဆောင်တာတွေရော အပြုသဘော မဆောင်တာတွေရော ကျော်ဖြတ်ရမယ်။ လာမယ့်ပွဲက အခွင့်အရေးတစ်ခုလို့ ယုံကြည်ရမယ်။ အားလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကြုံရမယ်။ ဘာနေဗျူးကွင်းမှာ ခံစားရမယ့် စွမ်းအင်ကို ကျွန်တော်တို ခံစားရမှာပါ။ ခံစားချက်က မနက်ဖြန်ပွဲမှာ အရေးကြီးပါတယ်"လို့ ပြောကြားသွားပါတယ်။
စပိန်မီဒီယာများရဲ့ ဖော်ပြမှုအရ အလွန်ဆိုဟာ ယနေ့ည ဘာနေဗျူးကွင်းပွဲစဉ်တွင် မန်စီးတီးအား အနိုင်မရပါက ရာထူးမှ ထုတ်ပယ်ခြင်းခံရမယ်လို့ သတင်းထွက်နေပါတယ်၊

image