ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ ၈ ကြိမ်မြောက် ဥပဒေပြုရေးကောင်စီရွေးကောက်ပွဲတွင် ဥပဒေပြုရေးကောင်စီအဖွဲ့ဝင်အသစ် ၉၀ ဦးကို ရွေးကောက်တင်မြှောက်
ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ၈ ကြိမ်မြောက် ဥပဒေပြုရေးကောင်စီရွေးကောက်ပွဲအတွက် မဲဆန္ဒပေးခြင်းသည် ဒီဇင်ဘာလ ၇ရက်နေ့ ည ၁၁နာရီခွဲတွင် ပြီးဆုံးခဲ့ပါသည်။
ယခုအကြိမ် ရွေးကောက်ပွဲတွင် ဥပဒေပြုရေးကောင်စီအဖွဲ့ဝင်အသစ် ၉၀ ဦးကို ရွေးကောက်တင်မြှောက်လိုက်ပြီဖြစ်ပါသည်။ ယင်းသည် ဟောင်ကောင် ရွေးကောက်ပွဲစနစ် ပြည့်စုံစေပြီး “ဟောင်ကောင်ကို တိုင်းချစ်ပြည်ချစ်ဖြစ်သူများ စီမံအုပ်ချုပ်ရေး”မူကို အကောင်အထည်ဖော်ပြီးနောက် ဟောင်ကောင်တွင် ကျင်းပသည့် နောက်ထပ်တစ်ကြိမ် အရေးကြီးသော ရွေးကောက်ပွဲတစ်ခု ဖြစ်ပါသည်။