MH370 အတွက် မလေးရှားလေကြောင်းလိုင်းကို လျော်ကြေး ဒေါ်လာ ၃.၃ သန်းပေးရန် တရုတ်တရားရုံးကအမိန့်ချ

MH370 လေယာဉ်ပေါ်လိုက်ပါသွားခဲ့သော ပျောက်ဆုံးနေသည့် ခရီးသည်များ၏ မိသားစုဝင်အချို့ကို မလေးရှားလေကြောင်းလိုင်းက အမှုတစ်ခုလျှင် လျော်ကြေး ယွမ် ၂ ဒဿမ ၉ သန်း(အမေရိကန်ဒေါ်လာ ၄၁၀,၂၄၀) ပေးဆောင်ရန် ပေကျင်းတရားရုံးတစ်ရုံးက အမိန့်ချလိုက်ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ခရီးသည် ၈ ဦးပါ အမှု ၈ မှုအတွက် စီရင်ချက်ချခဲ့ခြင်းဖြစ်ကြောင်း စီစီတီဗီ သတင်းဌာနက သတင်းရေးသားဖော်ပြခဲ့သည်။
နောက်ထပ် အမှု ၄၇ မှုကို ဖြေရှင်းပြီး ဖြစ်သဖြင့် အမှုများကို ရုပ်သိမ်းလိုက်ပြီး ကျန် ၂၃ မှုကို ဆက်လက်စစ်ဆး ကြားနာနေဆဲဖြစ်ကြောင်းလည်း စီစီတီဗီက ပြောကြားခဲ့သည်။
အမှုစီရင်ချက်နှင့်ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းကို မှတ်ချက်ပေးရန်တောင်းဆိုထားသော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးဟု သိရသည်။

image