တိုကျိုမြို့ရှိ မြန်မာသံရုံးအမည်သုံး၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်နေဟု အသိပေး
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့သည့် website အမည်ကို တုပ၍ အွန်လိုင်း လောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ယနေ့(ဒီဇင်ဘာ ၈ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
myanmar-embassy-tokyo . net ကို အသုံးပြုကာ MYANMAR EMBASSY TOKYO အမည်ဖြင့် အွန်လိုင်း လောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိရသည်ဟုဆိုသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် တရားဝင် website ဖြစ်သည့် myanmarembassytokyo. org ကိုသာ အသုံးပြုလျက်ရှိကြောင်းနှင့် myanmar-embassy-tokyo. net တွင် ဖော်ပြချက်များနှင့် အဆိုပါ website သည် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးထားသည်။