ကချင်ပြည်နယ်၌ "ဒို့အတူတူမဲပေးကြမယ်" Bill Board စိုက်ထူ

ကချင်ပြည်နယ်၌ ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပိုမိုပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" Bill Board အား ယနေ့ ဒီဇင်ဘာ ၈ ရက်ကစိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ Bill Board များအား မြစ်ကြီးနားမြို့၊ ပြည် ထောင်စုလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံ၊ စည်ပင်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံ၊ ပူတာအိုမြို့၊ မြို့မရပ်ကွက် မနက်ဈေးနေရာ၊ တနိုင်းမြို့၊ စည်ပင်သာ ယာဈေးရှေ့၊ မြို့နယ်ပန်းခြံရှေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ မိုးညှင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဘေး ပြည်ထောင်စုလမ်းမကြီးမီးပွိုင့်လမ်းဆုံနှင့် အများပြည်သူဖြတ်သန်းသွားလာရာ အချက်အချာကျသည့်နေရာများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင်စိုက်ထူသည့် " Bill Board အား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေး‌မော်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်သူရတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများက "ဒို့အတူတူ မဲပေးကြမယ်"အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

image