အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး မြန်မာပါဝင်တက်ရောက်
ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။
ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ဆောင်ရွက်သွားမည့် အဆိုပြုလုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိင်းဆွေးနွေးခြင်းတိုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအပြီးတွင် ထိုင်းသံအမတ်ကြီး H.E. Ms. Arjaree Sriratanaban က အာဆီယံ-ကင်ဘာရာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Pham Hung Tam ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။