၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်း နှစ်ပွဲဆက်အနိုင်ရ

မလေးရှား ၀-၃ မြန်မာ
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စု ( ဒုတိယပွဲစဥ်တွေကို ဒီနေ့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက မလေးရှားကို ဂိုးပြတ်အနိုင်ယူပြီး နှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းက ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့တာကြောင့် အားနည်းချက်တချို့ရှိခဲ့ပေမဲ့ ပြိုင်ဘက်အသင်းကို အသာစီးယူကစားနိုင်ခဲ့တဲ့အပြင် ဒုတိယပိုင်းမှာ မလေးရှားကစားသမားတစ်ယောက် ထုတ်ပယ်ခံခဲ့ရတာကြောင့် ပိုပြီးလွယ်ကူသွားခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို စန်းသော်သော် ( ၂၇ မိနစ်)၊ မေထက်လူ ( ၃၆ မိနစ်)၊ ဝင်းသိင်္ဂီထွန်း ( ၆၅ မိနစ်) တို့မှာ သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ နှစ်ပွဲဆက်အနိုင်ရလဒ်ကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အတော်လေးအခြေအနေကောင်းသွားခဲ့ပြီး ဗီယက်နမ် - ဖိလစ်ပိုင်ပွဲမှာ ဖိလစ်ပိုင်အနိုင်မရခဲ့ရင် ပွဲမကုန်ခင် အဖြေထွက်မှာ ဖြစ်ပါတယ်။

image