1 ပတ် - ဘာသာပြန်ပါ။

၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဗီယက်နမ်ကို ဖိလစ်ပိုင်အသင်း အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် နောက်ဆုံးပွဲစဥ်အထိ အမှတ်လုရမယ်

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စု( ပွဲစဥ်တွေကို ဒီနေ့ယှဥ်ပြိုင်ခဲ့ရာမှာ မြန်မာက မလေးရှားကို (၃-၀)ဂိုးနဲ့ အနိုင်ရပြီး ဖိလစ်ပိုင်က ဗီယက်နမ်ကို (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် အဖြေမပေါ်သေးဘဲ ဖြစ်ခဲ့ပါတယ်။
နှစ်ပွဲစီ ယှဥ်ပြိုင်ကစားအပြီးမှာ မြန်မာအသင်းက ၆ မှတ်ရရှိထားပြီး ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ၃ မှတ်စီ ရရှိထားပါတယ်။
အုပ်စုနောက်ဆုံးပွဲမှာ မြန်မာနဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး မြန်မာအသင်း ရှုံးလို့မရတဲ့အနေအထား ဖြစ်နေတုန်းပါပဲ။
အုပ်စုနောက်ဆုံးပွဲတွေကို ဒီဇင်ဘာ ၁၁ မှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယရရှိတဲ့အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမှာပါ။

image