ဆာလာကို ချန်ပီယံလိဂ်လူစာရင်းက ချန်လှပ်ခဲ့ပြီး မီဒီယာတွေထက် ပြောကြားခဲ့မှုအပေါ် အံ့အားသင့်မိကြောင်း အာနယ်ဆလော့ မှတ်ချက်ပြု

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က မီဒီယာတွေထက် ဆာလာရဲ့ပြောကြားခဲ့မှုအပေါ် အံ့အားသင့်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဆာလာဟာ ယနေ့ကစားမယ့် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းကလည်း ချန်လှပ်ခံခဲ့ရပါတယ်။
''သူပြောတဲ့အကြောင်းတွေကို သိနားလည်ဖို့ဆိုတာ ကျွန်တော့်အဖို့ ခက်ခဲပါတယ်။ ဒါက ကျွန်တော် ခံစားရတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ သူ့မှာလည်း သူ့အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ မီဒီယာတွေမှာတော့ ပြောဆိုခွင့် သူ့မှာ မရှိပါဘူး။
သူ အလွန်လေးစားတတ်သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ် မတိုင်ခင်အထိတော့ လေ့ကျင့်ရေးလည်း ကောင်းကောင်းလုပ်ပါတယ်။ သူပြောတဲ့စကားတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အံ့အားသင့်ရပါတယ်။ ကျွန်တော်တို့ စကားပြောနေတာ
ဟုတ်ပါတယ်။ ဒါပေမဲ့ အရာရာတိုင်း သဘောမတူထားပါဘူး။ ပွဲမကစားရတဲ့ ကစားသမားတစ်ယောက်က ဒီလိုပြောတာဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီရာသီမှာ ရုန်းကန်နေရတယ်။
ဒါကိုအဖြေရှာဖို့ ကြိုးစားခဲ့တယ်။ ဒါက ကျွန်တော့်အလုပ်ပါ။ နော်တင်ဟမ်ဖောရက်စ်၊ PSVနဲ့ပွဲက အားနည်းချက်တွေကို ရှာဖွေခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦး ထပ်ထည့်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်''လို့ အာနယ်ဆလော့က
ပြောခဲ့ပါတယ်။
ဆာလာအနေနဲ့ လာမယ့်စနေနေ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင်ကစားဖို့ မသေချာပါဘူး။
လာမယ့်တနင်္လာနေ့မှာတော့ အီဂျစ်လက်ရွေးစင်အသင်းနဲ့ အာဖရိကနိုင်ငံများဖလားယှဉ်ပြိုင်ဖို့ သွားရောက်ရပါလိမ့်မယ်။
ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ ရောက်လာပြီးကတည်း ဂိုး ၂၅၀ သွင်းထားပြီး အခုရာသီမှာတော့ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ငါးဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

image